Skip to main content

Posts

Showing posts from September, 2020

ကေသီဝင်း

ကေသီဝင်း နောက်တလခန့်မှာလက်ထပ်ရတော့မည့်ဒေါက်တာကေသီဝင်းတယောက် ခင်ပွန်းလောင်းကိုလည်းသတိမရတော့။လက်ထပ်ဖို့ခေါင်းညိတ်ခဲ့သော်လည်း သူမ ချစ်လည်းမချစ်ခဲ့။အမေ့ငယ်သူငယ်ချင်း အန်တီနွယ်ကကေသီဝင်းဆယ်တန်းတက်သည့်နှစ်မှစ၍ ဆရာဝန်ဖြစ်သည်အထိကူညီဖြည့်ဆည်းပေးခဲ့သောကျေးဇူးကိုထောက်၍ အန်တီနွယ်၏သားနှင့်လက်ထပ်ရန်ခေါင်းညိတ်ခဲ့ရခြင်းသာ။ချစ်သူတွေမဟုတ်တော့ ခင်ပွန်းလောင်းနှင့်လည်းအထိအတွေ့မရှိခဲ့။အန်တီနွယ်တို့ဖက်မှ စကားဦးသန်းခြင်းမရှိခဲ့သော်လည်း ဒီလိုဖြစ်လာလိမ့်မယ်လို့မျှော်တွေးထားခဲ့သည်မို့ ချစ်သူလည်းမထားဖူးခဲ့။အန်တီနွယ်ကလည်းအထက်စီးမှတောင်းဆိုခြင်းမရှိခဲ့ပါ။သမီးလေးလိုချစ်လို့ကူညီခဲ့ခြင်းသာဖြစ်ကြောင်းနှင့် လွတ်လပ်စွာဆုံးဖြတ်နိုင်ပါကြောင်း မိတ်ပျက်စရာမရှိပါကြောင်းပွင့်လင်းစွာပြောခဲ့သည်။အလတ်စားစက်ရုံတရုံကိုဦးစီးလုပ်ကိုင်နေသောခင်ပွန်းလောင်းကလည်း သူမ ချစ်စိတ်မဖြစ်သည်မှလွဲ၍ငြင်းစရာအချက်အလက်မရှိ။အဖေ့လက်ကျန်တိုက်ခန်းလေးတခန်းနှင့်မြောက်ဒဂုံရှိဈေးအတွင်းမှအထည်ဆိုင်လေးတဆိုင့်ဟန်မပျက်ရုန်းကန်နေရသောအမေနှင့်မောင်လေးကိုလည်းသက်သာစေချင်သည့်စေတနာတို့ဖြင့်သူမလက်ခံခဲ့ခြင်းဖြစ်သည်။ဆရာဝန်ဖြစ်စ သူမ၏လစာလေးကလည်းများလှသည်ဟုမဆိုနိုင်။သို့နှင့်ပင